အောင်လံ မတ် ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ တိုင်းဒေသကြီးအစို့ရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တို့သည် အောင်လံမြို့နယ်၌ ဥစားကြက်မွေးမြူရေးဇုန်ဖော်ထုတ်ရေးအတွက် မြေနေရာကြည့်ရှုခြင်း၊ ဥစားကြက်မွေးမြူသူ လုပ်ငန်းရှင်းများနှင့် တွေ့ဆုံပွဲသို့ ယနေ့နံနက် ၉ နာရီက မြေနေရာအား သွားရောက်ကြည့်ရှုပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့က လမ်းညွှန်အမှာစကားများပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က ဥစားကြက်မွေးမြူရေးဇုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ တက်ရောက်လာသော မွေးမြူရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)