ကွန်ဟိန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကွန်ဟိန်း မတ်  ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဇော်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးသန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝေလင်းသန့်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဖြူဆိုင်နှင့် တာဝန်ရှိသူများက ကွန်ဟိန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်း(ကွန်ဟိန်း)တွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ ဖြေဆိုနေစဉ်ကာလအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေပြီး စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရန်အတွက် စာဖြေခန်းများအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စာမေးပွဲခန်းများအတွင်း သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ ကောင်းမွန်မှု ရှိ/မရှိ၊ မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)