အောင်လံ မတ် ၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)အောက်တွင် မြစ်ရေတင်လုပ်ငန်း (၆)ခုရှိပြီး အကျိုးပြုဧက (၁၀၀၇၅)ဧက စိုက်ပျိုးရေပေးဝေလျက်ရှိပါသည်။
၎င်းမြစ်ရေတင်လုပ်ငန်းများအနက်မှ နံဇူပင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသည် ဆိုလာစနစ် တွဲဖက်တပ်ဆင်ထားသော လုပ်ငန်းတစ်ခုဖြစ်ရာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေသီးနှံ စပါး (၁၀၀)ဧက စိုက်ပျိုးရေပေးဝေနိုင်ရေး လျာထားလျက်ရှိကြောင်း သိရသည်။ နွေစပါး (၁၀၀)ဧကအား ဆာဖိုးသာမျိုးစိုက်ပျိုးပြီး ပန်းတိုင်ထွက်နှုန်းရရှိရေး ရည်မှန်းချက်ထား အောင်မြင်ရန် ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးစွမ်းမြှင့်တင်အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဧက(၁၀၀)အား နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်၍ ရေပေးဝေလျက်ရှိပြီး မြေယာပြုပြင်ထွန်းယက်ခြင်းများပြုလုပ်၍ ပန်းတိုင်အထွက်နှုန်းပြည့်မီစွာ အောင်မြင်ဖြစ်ထွန်းနိုင်ရေး စိုက်ပျိုးလျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)ခရိုင်ဦးစီးမှူး ဦးမြင့်ကျော်ထံမှ သိရသည်။
မျိုးသိန်း(ပြန်/ဆက်)