ဟင်္သာတမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန အထူးဆေးကုသရေးအဖွဲ့မှ ဒုတိယအကြိမ် အခမဲ့ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေး

ဟင်္သာတ မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံကာ လိုအပ်သောရောဂါရှာဖွေစမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ပင်  ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီရရှိခြင်းဖြင့် သက်ရှည် ကျန်းမာစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးခိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းတို့ ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီးမှ ပါမောက္ခ / အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့များသည် ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးတွင် မတ်လ (၂) ရက်နေ့နှင့် (၃) ရက်နေ့တို့တွင် ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါအထူးကု ဆေးကုသရေးအစီအစဉ်တွင် ဟင်္သာတမြို့ပေါ်သာမက၊ အနီးပတ်ဝန်းကျင်ရှိ မြို့များ၊ ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ပြီး ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ (၈၃) ဦး၊ အထွေထွေရောဂါ ဆေးပညာလူနာ (၁၃၂)ဦး၊ အထွေထွေခွဲစိတ်လူနာ (၅၄)ဦး၊ ရင်ခေါင်း ဆေးကုသမှု ဆိုင်ရာလူနာ(၂၀)ဦး၊ နှလုံးရောဂါဆိုင်ရာလူနာ(၆၉)ဦး၊ ကလေးကျောက်ကပ် ရောဂါ လူနာ (၁၁)ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလူနာ (၆၁) ဦး၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှု ဆိုင်ရာလူနာ (၄၆) ဦး၊ ဦးနှောက်နှင့် အာရုံကြော(ခွဲစိတ်)ကုသမှုဆိုင်ရာလူနာ (၁၃) ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ(၄၇)ဦး၊ မျက်စိရောဂါလူနာ(၃၄၇)ဦး နား၊ နှာခေါင်း၊ လည်ချောင်း လူနာ(၄၄)ဦး၊ အရိုးရောဂါလူနာ(၉၇) ဦး၊ ကလေးရောဂါလူနာ (၄၉)ဦး၊ မွေးကင်းစ ကလေး ရောဂါလူနာ (၃၉) ဦး၊ သားဖွားမီးယပ်ရောဂါလူနာ (၅၁)ဦး၊ ကင်ဆာရောဂါလူနာ (၇) ဦး၊ သွားနှင့်ခံတွင်းလူနာ ( ၅၅ )ဦး၊ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ရောဂါလူနာ (၅၉)ဦး၊ စုစုပေါင်း လူနာ ( ၁၂၈၄)ဦး တို့ကိုကြည့်ရှုကုသပေးခဲ့ပါသည်။

မျက်စိအထူးကု ကွင်းဆင်းဆေးကုသမှုအဖွဲ့မှ (၁၁.၃.၂၀၂၄) ရက်နေ့အထိ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိဝေဒနာရှင်များအား စမ်းသပ်ကုသခွဲစိတ်ကုသမှုများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)