နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင် မော်လမြိုင်ကျွန်းမြို့နယ် စီးပွားချောင်ကျေးရွာ၌ နွေစပါးစံပြကွက် ရိတ်သိမ်းပွဲအခမ်းအနားတက်ရောက်

မော်လမြိုင်ကျွန်း မတ် ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲအန်းပင်စုကျေးရွာအုပ်စု၊ စီးပွား ချောင်ကျေးရွာ၌ နွေစပါးစံပြကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က မရဲအုန်းပင်စုကျေးရွာ စက်မှုလယ်ယာစနစ်ကျစံပြ လယ်ယာမြေ ဧက (၁၀၀)မှ ဓာတ်မြေဩဇာနှင့် သဘာဝဓာတ်မြေဩများကို အချိုးကျပေါင်းစပ်၍ ကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများထံသို့ မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ မရဲအုန်းပင်စုကျေးရွာအုပ်စု၊ စီးပွားချောင်ကျေးရွာရှိ တောင်သူ ဦးတင်အောင်သန်း ၏ လယ်မြေစိုက်ဧက (၂၅၀) မှ နယူးဧရာ (၁) စပ်မျိုးစပါး နွေးစပါးစံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီးအနေနှင့် နွေးစပါး၊ မိုးစပါး ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံ့ထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျအကောင်ထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဧရာဝတီတိုင်းဒေသကြီး က ရေခံ၊ မြေခံ ကောင်းမွန်ပါကြောင်း၊ ဓာတုမြေဩဇာများကို လျှော့ချပြီး သဘာဝမြေဩဇာများ ကို သုံးစွဲရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတောင်စီမံအုပ်ချုပ်ရေးကောင်းစီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အဖွဲ့က နွေစပါးစံကွက်ရိတ်သိမ်းခဲ့ရာ (၁)ဧက ပျမ်းမျှအထွက်နှုန်း (၂၄၂)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။ 

ရဲကိုမောင် (ပြန်/ဆက်)