ချမ်းမြသာစည်မြို့နယ်၊ လိုတရစက်သုံးဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား

ချမ်းမြသာစည် မတ် ၄

မန္တလေးတိုင်းဒေသကြီး၊မဟာအောင်‌မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၄၈x၁၁၀ လမ်း (မနော်ဟရီလမ်း) ထောင့်ရှိ လိုတရစက်သုံးဆီဆိုင်တွင် ယနေ့ညနေ ၄ နာရီဝန်းကျင်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘောက်ဆာယာဉ်အတွင်းမှဆီအား မြေအောက်ကန်အတွင်းချနေစဉ် စပန့်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ အမှတ် (၅) စစ်နယ်မြေမှူး အမှတ် (၃၀၂၆) လေကြောင်းရန်ကာကွယ်ရေးတပ် (နန်းတွင်း) ဒုတိယဗိုလ်မှူးကြီး သက်မောင်မောင်နှင့်နယ်‌မြေခံလုံခြုံ‌ရေးများ၊၊ ချမ်းမြသာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းကျော်၊ တိုင်းဒေသကြီးမီးသတ် ဦးစီးမှူးညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်သန္ဓေတပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများသွား‌‌ရောက်ခဲ့ပြီးမီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသည်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့