ညောင်ရွှေ မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်၊ ညောင်ရွှေမြို့နယ်အတွင်းသို့ ရောက်ရှိခိုလှုံလာကြသည့် ယာယီနေရပ်စွန့်ခွာသူပြည်သူများထံသို့ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီက ညောင်ရွှေမြို့ အဋ္ဌဒိသာဒေသစာရီစံကျောင်းတော်၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအနေဖြင့် လိုအပ်သည်များရှိပါက တင်ပြဆွေးနွေးပေးကြရန်ပြောကြားသည် ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဦးစောဒန်နီယယ်က ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်နိုင်ရန်အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် လုံခြုံအေးချမ်းမှုရှိမှသာ ဆောင်ရွက်နိုင်ဖြစ်ကြောင်း၊ ပြည်သူများမှလည်း လိုအပ်သည်များရှိပါက တင်ပြပေးကြရန် ပြောကြားသည်။
ထို့နောက် ကလောရိုင်၊ ညောင်ရွှေမြို့နယ်အတွင်းသို့ ခိုလှုံရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူ ပြည်သူများထံသို့ ထောက်ပံ့ငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဦးစောဒန်နီယယ်က ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာသူ ပြည်သူနှစ်ဦးမှ လက်ခံရယူပြီး ယာယီနေရပ်စွန့်ခွာသူပြည်သူများမှ လိုအပ်သည်များ တင်ပြဆွေးနွေးကြ၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဦးစောဒန်နီယယ်တို့က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
၎င်းနောက် ညောင်ရွှေမြို့၊ မြို့လယ်ရပ်ကွက်ရှိ ရန်ကုန်ကျောင်းနှင့် နန္ဒဝန်ရပ်ကွက်ရှိ မဟာရန်အောင်ကျောင်းတွင် ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဦးစောဒန်နီရယ်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ အဖွင့်အမှာစကားအသီးသီးပြောကြားကြပြီး ထောက်ပံ့ငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဦးစောဒန်နီယယ်က ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာသူပြည်သူများမှ လက်ခံရယူပြီး ယာယီနေရပ်စွန့်ခွာသူပြည်သူများမှ လိုအပ်ချက်များ တင်ပြဆွေးနွေးကြကြောင်းနှင့် လိုအပ်ချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဦးစောဒန်နီယယ်တို့က ကူညီဆောင်ရွက်ပေးခဲ့ပြီး ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့ ယဥ်ကျေးမှုပြတိုက်သို့ သွားရောက်ကြည့်ရှုရာ ပြတိုက်တာဝန်ခံမှ လိုက်လံရှင်းလင်းကြောင်း သိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)