မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

မက်မန်း မတ် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်လျော့နည်းစေရန်နှင့် ကလေးအလုပ်သမား၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉:၀၀)နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြသခဲ့သည်။

ထိုသို့ ပြသရာတွင် ကလေးအလုပ်သမားဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ ကလေးအလုပ်သမား အဖြစ်များဖြစ်သည့် နိုင်ငံများအကြောင်း၊ ကလေးငယ်များ၏ ပညာရေးအခွင့်အလမ်းများ၊ ILO အဖွဲ့၏ ထုတ်ပြန်ချက်များ၊ ကလေးငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆောင်ရွက်ရမည့် နည်းလမ်းများကို ဆောင်းပါးများ၊ ကာတွန်းများ၊ ဓာတ်ပုံများဖြင့် ပြသခဲ့ရာကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)