မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံစာစီစာကုံးရေးနည်း(အခမဲ့) သင်တန်း ဆက်လက်သင်ကြားပို့ချ

မြစ်သား မတ် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံစာစီစာကုံးရေးနည်းသင်တန်းကို  ယမန်နေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဒုတိယနေ့ဆက်လက်သင်ကြားကြောင်း သိရသည်။

အဆိုပါ စာစီစာကုံးရေးသားနည်းသင်တန်းတွင် သင်တန်းနည်းပြဆရာကြီး ဦးညွှန့်ဝင်းမှ ကျောင်းသား၊ ကျောင်းသူများအား စာစီစာကုံးရေးသားရာတွင် စာစီစာကုံးရေးသားနည်း၊ စာစီစာကုံးအမျိုးအစားများအကြောင်းနှင့် စာစီစာကုံးရေးနည်း(၄)မျိုး စသည်တို့ကိုသင်ကြားပို့ချခဲ့သည်။

အခြေခံစာစီစာကုံးရေးနည်းသင်တန်းသို့ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၂) ဦးတက်ရောက်ပြီး သင်တန်းကို မတ်လ(၄)ရက်နေ့မှ မတ်လ(၈)ရက်နေ့အထိ သင်တန်းကာလ(၅)ရက်ကြာ ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)