မိုင်းယောင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်း ဆောင်ရွက်

မိုင်းယောင်း မတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအတွက် ယမန်နေ့တွင် တာဝန်ရှိသူများက  လိုက်လံစစ်ဆေးခြင်း၊ သတိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာန ဝန်ထမ်းများက အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်များ၊ ဈေးဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် မီးလောင်မှုများ မဖြစ်ပေါ်စေရေး လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ညပိုင်းတွင်လည်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများ၌ မီးဘေးကြိုတင်ကာကွယ်တားဆီးရေး အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)