တနင်္သာရီ မတ်လ ၅
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ၂၀၂၄ခုနှစ်၊ မတ်လ (၁၁ရက်မှ၁၉ရက်နေ့)အထိ ကျင်းပပြုလုပ်မည့် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီး၌ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်-အ.ထ.က-တနင်္သာရီ စာစစ်ဌာနတစ်ခုတည်းဖြင့် စာမေးပွဲကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
၎င်းတက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က-တနင်္သာရီစာစစ်ဌာနတွင် အတွင်းဖြေကျောင်းသား (၃၁)ဦးနှင့်ကျောင်းသူ(၅၂)ဦး၊ ပြင်ပမှဖြေဆိုရန် ကျောင်းသား(၄)ဦးနှင့် ကျောင်းသူ(၂၃)ဦး စုစုပေါင်း(၁၁၀)ဦးတို့က ဝင်ရောက်ဖြေဆိုနိုင်ရန် လျှောက်လွှာများ တင်လျှောက်ထားကြရာ ၎င်းစာမေးပွဲကြီး အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ အခြားလူမှုရေးအဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)