နတ်မောက်မြို့နယ်အတွင်းရှိ  အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား (၁၀၇၈)ဦးအား လူမှုပင်စင်ထောက်ပံ့ငွေများ ပေးအပ်

နတ်မောက် မတ် ၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ (၃)လပတ် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လူမှုရေးပင်စင်ထောက်ပံ့မှုဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် အဘိုး/အဘွား တစ်ဦးလျှင် တတိယ (၃)လပတ်အတွက် (၃၀၀၀ဝိ) သုံးသောင်းကျပ်တိတိအား ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများမှ လွှဲပြောင်းပေးအပ်ခဲ့ပြီး နတ်မောက်မြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုး (၃၄၉)ဦးနှင့် အဘွား (၇၂၉)ဦး စုစုပေါင်း (၁၀၇၈)ဦးအတွက် တတိယ(၃)လပတ် လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင် (၃၀၀၀၀)ကျပ်ဖြင့် ကျပ်သိန်း(၃၂၃၄၀၀၀ဝိ/-)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှဝင်း