မြို့သစ် မတ် ၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများ၌ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာဝေါဟာရများကို ကောင်းစွာနားလည်သိရှိစေရန်အတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စံပယ်ဆန်းဝင်းက သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ကာ Grade-4 မှ Grade -7 အထိ ကျောင်းသား၊ ကျောင်းသူများကို မတ်လ ၄ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့အထိ ရက်သတ္တ တနင်္လာနေ့မှ သောကြာနေ့အထိ (စနေ၊ တနင်္ဂနွေမပါ) ညနေ ၄ နာရီခွဲမှ ၆ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)