ဓနုဖြူမြို့နယ်တွင် (၄၂) ကြိမ်မြောက် မဟာဒွါရနိကာယ သာသနပါလစာမေးပွဲကြီးကျင်းပ

ဓနုဖြူ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၄၂) ကြိမ်မြောက် မဟာဒွါရနိကာယ သာသနပါလစာမေးပွဲကြီးကို အမှတ် (၁) ရပ်ကွက်၊ ပါဠိတက္ကသိုလ်တောင်ပေါ်ကျောင်းတိုက်၌ ယနေ့ မတ်လ ၅ရက်နေ့ နံနက် ၉နာရီ အချိန်ကစတင်၍ ကျင်းပသည်။

အဆိုပါစာမေးပွဲကြီးကို ဓမ္မာနုဓမ္မ မဟာဒွါရနိကာယ ဆရာတော်ကြီးများ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ စာမေးပွဲကြီး၌ စာဖြေသံဃာ ပထမကြီးတန်း(၃၃)ပါး၊ ပထမလတ်တန်း (၂၀) ပါး၊ ပထမငယ်တန်း (၆၄) ပါး၊ အခြေပြုမူလတန်း(၅၇)ပါး၊ အခြေပြုမူလတ်တန်း(၇၃)ပါးနှင့် အခြေပြုမူငယ်တန်း (၃၇) ပါး စုစုပေါင်းစာဖြေသံဃာ (၂၈၄) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ အဆိုပါစာမေးပွဲကြီးကို တပို့တွဲလပြည့်ကျော် (၁၀) ရက်နေ့မှ တပို့တွဲလပြည့်ကျော် (၁၃) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)