ပေါင်းတည်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့

ပေါင်းတည် မတ် ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်နှင့် ကျေးရွာစာရေးဝန်ထမ်းများက လက်ဝယ်အရောက် သွားရောက် ပေးအပ်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့မှုလုပ်ငန်း ဆောင်ရွက်ရာ၌ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် ဘိုးဘွား (၁၂၂၀) ဦးအတွက် စုစုပေါင်းငွေကျပ်( ၃၆၆) သိန်းကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးများမှတစ်ဆင့် အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

သူရကြီး ( ပြန်/ဆက်)