မင်းလှမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

မင်းလှ မတ် ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းနှင့် (Woman Club) အဖွဲ့တို့ပူးပေါင်း၍ လစဉ် စာဖတ်ဝိုင်းများကိုကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နေ့လယ် ၁ နာရီချိန်က ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်မြင့်ဟန်(မင်းလှ)က မိုးပန်းမွန်(ရာမည)ရေးသားသည့် ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်စာအုပ်မှ အနုပညာနှင့် လူ့တန်ဖိုး၊ အလှဆုံးဖြစ်ချင်သလား၊ နည်းနည်းပဲကြွားပါ၊ အပျိုတို့ ဂုဏ်ရည်စသည့်အကြောင်းတို့ကိုဆွေးနွေးပြောကြားခဲ့ရာ (Woman Club)အဖွဲ့ဝင်များကအပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ပြည်သူများဗဟုသုတများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှသိရသည်။

ပေါက်စ(မင်းလှ)