မိုးညှင်း မတ် ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာများနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဦးသန်းထိုက်က ပြည်သူ့စစ်မှုထန်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းထားရှိခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ရန် သတ်မှတ်ထားသည့် အသက်အရွယ်နှင့် အချိန်ကာလ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက သိရှိလိုသည်များအား ဆက်လက်မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဥပဒေအရာရှိက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း