ဝါးခယ်မမြို့နယ်တွင် ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဝါးခယ်မ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ မြို့နယ်သံဃနာယအဖွဲ့၏ဦးဆောင်မှုဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းနှင့်အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ဝါးခယ်မမြို့မင်းပိုင်းရပ်ကွက် ကွမ်းခြံကုန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်၍ စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ၊ ကွမ်းခြံကုန်းဆရာတော် အရှင်ခေမာစာရက အဖွင့်သြဝါဒကထာချီးမြှင့်တော်မူ၍ ဓမ္မရောင်ခြည် ဓမ္မဒါနဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးလှမျိုးက ဝမ်းမြောက်စကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာတော် ဒေါက်တာအရှင်ထေရိန္ဒက သင်တန်းကာလတစ်လတွင် သင်ကြားပို့ချမည့် အစီအစဥ်များကိုမိန့်ကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ ပိတ်သိမ်းခဲ့‌ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် Grade-5 နှင့် အထက် ကျောင်းသား၊ ကျောင်းသူ (၈၁) ဦး စာရင်းပေးသွင်း တက်ရောက်ခဲ့ပြီး နိုင်ငံတော်ကကျင်းပသော ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို မေလတွင် ဝင်ရောက်ဖြေဆိုနိုင်ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)