မြောင်းမြမြို့၌ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ် တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

မြောင်းမြ       ဇူလိုင်  ၁၇

ဧရာဝတီတိုင်း‌ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၁၅) ရက်နေ့ ညနေ (၄) နာရီအချိန်က မြို့မအားကစားကွင်း၊ နောင်ရိုးခန်းမ (၂) ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ် (၂+၄) ရပ်ကွက်အသင်းနှင့် အမှတ် (၆+၈) + ကံ့ကော်မြိုင်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြရာ အမှတ် (၂+၄) ရပ်ကွက်အသင်းက ပထမဆုဒိုင်း ဆုအား ရရှိခဲ့သည်။ ထို့နောက် မြောင်းမြမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများအသီး သီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဗိုလ်လုပွဲစဉ်အား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ‌ဒေသခံပြည်သူများက စည်းကားသိုက်မြိုက်စွာ လာရောက်အားပေးခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)