မိုင်းခတ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ စာဖတ်ခြင်းဖြင့် အသိဉာဏ်ဗဟုသုတများတိုးပွားကာ အမှား/အမှန်ခွဲခြား ဆုံးဖြတ်နိုင်ရေးရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကိုယနေ့မွန်းလွဲ ၂ နာရီက မိုင်းခတ်မြို့၊လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က ကလေးအလုပ်သမားပပျောက်ရေး အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာပြဌာန်းချက်များအကြောင်းပြောကြားပြီး၊ စာကြည့်တိုက်မှူး ဒေါ်နန်းခင်ညွန့်က ကလေးအလုပ်သမား၏အဓိပ္ပာယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောကြသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူလေးများက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံ ကပ်စာစောင်ကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)