သတင်းများ

ဒေါပုံမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်သွားလာရေးနှင့် ပါဝါအိတ်ဇောတပ်မော်တော်ယာဉ်များ မောင်းနှင်သွားလာမှုမရှိစေရေး စစ်ဆေးဆောင်ရွက်
Aug 06,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အများပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် ဆူညံသံများကြောင့် နှောင့်ယှက်မှုမရှိစေရေးအတွက် ဩဂုတ် ၄ ရက်နေ့က စတင်ကာ ယမုံနာလမ်းမကြီးပေါ်ရှိ မြို့မရဲစခန်း‌အရှေ့ဘက်တွင် တာ၀န်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ ကျန်းမာရေးပညာပေးခြင်းနှင့် အာဟာရအုပ်စု သုံးအုပ်စုပါဝင်အောင် ချက်ပြုတ်နည်းပြိုင်ပွဲ ကျင်းပ
Aug 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ-ထ-က(၂)ကျောင်း၌ ကျန်းမာရေးပညာပေးခြင်းနှင့် အာဟာရအုပ်စုသုံးအုပ်စုပါဝင်အောင် ပြင်ဆင်ချက်ပြုတ်နည်းပြိုင်ပွဲကို ဩဂုတ် ၄ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး
Aug 06,2025
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ထားဝယ်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး
Aug 06,2025
လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန(LMLECC)မှ ပေးပို့သည့် ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က ပြည်တွင်းအခွန်များဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရခိုင်ပြည်နယ် မိုခါမုန်တိုင်းလေဘေးသင့်ဒေသများသို့ ဖြန့်ဖြူးရောင်းချ ပေးထားသည့် သစ်ခွဲသားများအတွက် တန်ဖိုးကျသင့်ငွေများ ပေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း၊ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်
Aug 06,2025
မိုခါမုန်တိုင်းလေဘေးသင့်ဒေသများသို့ ဖြန့်ဖြူးရောင်းချပေးထားသည့် သစ်ခွဲသားများ အတွက် တန်ဖိုးကျသင့်ငွေများ ပေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဆရာဝန်၊ သူနာပြုများက မှန်စီကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများ၊ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခြင်းကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဒေးဒရဲမြို့နယ် ကျုံ​​ကြပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ
Aug 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျုံ​ကြပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းအား ကွင်းဆင်းစစ်ဆေး
Aug 06,2025
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ရဲစုကျေးရွာ(မြောက်ပိုင်း)ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ဩဂုတ် ၄ ရက်နေ့ နေ့လယ်အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် မိုးနှမ်းလျာထားဧက စိုက်ပျိုးပြီးစီး
Aug 06,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တောင်သူများမှ ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းလျာထားဧကပြည့်မှီကျော်လွန်ရေး မိုးနှမ်းစိုက်တောင်သူများ ထွန်ယက်စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။