ကြံခင်းမြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီအစည်းအဝေးနှင့်အမှုဆောင်အသစ် (စတုတ္ထအကြိမ်)ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ

ကြံခင်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာရေးဆရာအသင်းနှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ် (စတုတ္ထအကြိမ်) ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ Book Club အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားမှူးက အမှုဆောင်သစ်ရွေး​ချယ်​တင်မြှောက်ခြင်း အခမ်းအနားသို့ မြို့နယ် စာရေးဆရာအသင်း ၁၃ ဦးရှိသည့်အနက် ၁၀ ဦး တက်ရောက်သည့်အတွက် အထမြှောက်ကြောင်း ကြေငြာပြီး၊ မြို့နယ်အစည်းအဝေးနှင့် ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်(သဘာပတိ) နေရာတွင် နေယူပြီးနောက် အဖွင့်အမှားစကားပြောကြားခဲ့သည်။ ထို့နောက် အခမ်းနားမှူးက အသင်းအမှုဆောင်ကော်မတီ၏ အစီရင်ခံစာအား ဖတ်ကြားတင်သွင်းပြီး၊ အစီရင်ခံစာအပေါ် စာရေးဆရာ၊ ဆရာမများက အကြံပြု ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ယခင်နှစ်အမှုဆောင်ကော်မတီအဖွဲ့ဝင်ဟောင်းများက နှုတ်ထွက် ကြောင်းကြေငြာပြီး၊ ကြီးကြပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌက ရွေးကောက်တင်မြှောက်ခြင်း စည်းမျဥ်း စည်းကမ်းများအား ဖတ်ကြားခဲ့သည်။ ယင်းနောက် (စတုတ္ထအကြိမ်) စာရေးဆရာအသင်းအမှုဆောင် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ (စတုတ္ထအကြိမ်) မြန်မာနိုင်ငံစာရေး ဆရာညီလာခံသို့တက်ရောက် ရမည့် ကိုယ်စားလှယ်တစ်ဦးတို့အား ရွေးချယ်တင်မြှောက်ခဲ့ကြပြီး၊ ရွေးချယ်တင်မြှောက်ခံရသည့် အမည်စာရင်းများအား အတည်ပြုကြေငြာခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)