ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆောင်ရွက်

ညောင်ရွှေ ဇူလိုင် ၁၇

အခြေခံပညာကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိတ်သတ် ပြောဆိုဆွေးနွေးတက်စေရန်၊  တိုင်ပင်ဆွေးနွေးခြင်း အလေ့အထကောင်းများရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့်အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါခင်ခန်းဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က လူငယ်စကား ဝိုင်းဆွေးနွေး ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူ ခဲ့သည်။    

၎င်းနောက် Grade-11 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်ခန့်ထူးဇော်က အာဇာနည်နေ့သမိုင်းကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယွန်းနဒီက အာဇာနည်နေ့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယွန်းနဒီမျိုးက  လွတ်လပ်ရေးနေ့ဖြစ်ပေါ် လာပုံသမိုင်းကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊  မောင်မင်းသစ်မြတ်က လွတ်လပ်ရေးထိန်းသိမ်း ပုံခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးစကားဝိုင်း ဆွေးနွေးခြင်းပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများ၏ မေးမြန်းချက်များကို ဆွေးနွေးခဲ့သူများနှင့် ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြား ပေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ