ချောက် ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အ.မ.က (၈၀) မူလွန်ရွှေသူဌေးကုန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အ.မ.က(၈၀) မူလွန်ရွှေသူဌေးကုန်းကျောင်း၊ ကျောင်းသား/သူလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုချိုဝင်းက ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွက်လာစေရေးအတွက် ပြင်ပစာအုပ်စာပေများ လေ့လာဖတ်မှတ်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူငယ်များအနေဖြင့် မိမိဘဝအောင်မြင်ရေးအတွက် စာအုပ်စာပေကို အမြဲမပြတ် ဖတ်မှတ်လေ့လာနေရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာနှင့် စဉ်းစားတွေးခေါ်ဉာဏ်များ တိုးတက်လာခြင်းအကြောင်းများ၊ ကျွမ်းကျင်(၃)ရုပ်သံ(ပြ) ဒေါ်အေးအေးမူက လူငယ်များစာရိတ္တမြင့်မားရန်အတွက် မိဘ၊ဆရာများ၏ ထိန်းကျောင်းသွန်သင်မှုအပြင် ပတ်ဝန်းကျင်၏ ဝိုင်းဝန်းပြုစုပျိုးထောင်ပေးမှုလည်း လိုအပ်ကြောင်း ငယ်စဉ်ကျောင်းနေအရွယ် ကလေးသူငယ်ဘဝကတည်းက စာရိတ္တကောင်းမွန်အောင် အခြေခံတည်ဆောက်ပေးကြရမည်ဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)