မြစ်သားမြို့နယ်၌ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနား ကျင်းပ

မြစ်သား ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ် (Kaeru Caravan) အခမ်းအနားကို ဇူလိုင် ၁၇ ရက် နံနက် နာရီက ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော် (ကျောက်ဆည်) က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်က ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ် (Kaeru Caravan) အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောရုတ်တရက် ဖြစ်ပွားတတ်တဲ့ ဘေးအန္တရာယ်များ ကြုံတွေ့ပါက အလျင်အမြန်တုန့်ပြန်ဆောင်ရွက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါး‌စေရန် ကြိုတင်မျှော်မှန်း၍ စာသင်ကျောင်းအခြေပြုနှင့် လူထုအခြေပြု မီးဘေးနှင့်သဘာဝဘေး အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာတင်က ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော် (ကျောက်ဆည်)၊  မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့်အဖွဲ့ဝင်များ၊ ကူမဲမြို့အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာတင်နှင့် ဆရာဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း ၂၃၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး အသိပညာပေးအစီအစဉ် (Kaeru Caravan) တွင်  မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများအား လေ့လာကြည့်ရှုကြပြီး ပါဝင်လှုပ်ရှားဆောင်ရွက်မှုများကို  အားပေးခဲ့ကြကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)