သတင်းများ

နန်းယွန်းမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ
Aug 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ နန်းယွန်းမြို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ၊ ဆေးရုံအထောက်အကူပြုကော်မတီ၊ ဆေးပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီနှင့် MAM အဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေါင်မြို့နယ်(အ.လ.က)ပုသိမ်ကွင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Aug 16,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.လ.က)ပုသိမ်ကွင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ ဒုတိယဥပဒေအရာရှိ​ဒေါ်ဝင့်ရည်ဦး၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုသထုံမှရဲအုပ်နိုင်ထွန်း၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စုသထုံမှ ရဲအုပ်နေဝင်းဌေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဖလား မိုးရာသီဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Aug 16,2025
သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဖလား မိုးရာသီဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)ရှေ့၌ ကျင်းပသည်။
ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Aug 16,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းကို ဩဂုတ် ၁၅ ရက် မွန်းလွဲ(၁)နာရီအချိန်က မူလွန်(အေဘီအမ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ “ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး” ဗီဒီယို(၂)ခုအား ကျောင်းသား/ ကျောင်းသူများသို့ အသိပညာပေးပြသ
Aug 15,2025
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ဩဂုတ် ၁၂ ရက် နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီမံညွှန်ကြားမှုအရ အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးမှူးရုံးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းပြီး “ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး” ဗီဒီယို(၂)ခုအား ကျောင်းသား/ ကျောင်းသူများသို့ အသိပညာပေးပြသခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်-ပဲခူးလမ်းပိုင်း အမှတ်(၁၃)အစုန် DEMU လူစီးရထားအား ပြည်သူများနှင့်အတူ လိုက်ပါစီးနင်း
Aug 15,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက် ညနေပိုင်းက ရန်ကုန်-ပဲခူးလမ်းပိုင်း အမှတ်(၁၃) အစုန် DEMU လူစီးရထားပေါ်တွင် စီးနင်းလိုက်ပါသည့် ခရီးသွားပြည်သူများနှင့်အတူ ရန်ကုန်ဘူတာမှ ဒါးပိန်ဘူတာအထိ ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါစီးနင်းသည်။
သံဖြူဇရပ်မြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 15,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြို​ကျောင်း၌ ပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဆန်းပြည့်​အောင်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီမှ ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း၊ ကလေးငယ်များ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ပါက အသက်အရွယ်အလိုက် အသက်မွေးပညာကျောင်းများသို့ ပို့ဆောင်၍ အသက်မွေးပညာရပ်များကို သင်ကြားပို့ချလျက်ရှိကြောင်း ရှင်းလင်း‌ဟောပြောကြားပြီး က​လေးအလုပ်သမားဆိုင်ရာ အသိပညာ​ပေး လက်ကမ်းစာ​စောင်ကို ဖြန့်​ဝေခဲ့ကြသည်။
ပုဇွန်တောင်မြို့နယ် ကလေးစာဖတ်ခန်းတွင် ကလေးငယ်များအား ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲလှုပ်ရှားမှုများ ဆောင်ရွက်
Aug 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်အား အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်စေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် တိုးတက်‌ကောင်းမွန်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။