သုတေသနလုပ်ထုံးလုပ်နည်းဆိုင်ရာ ဟောပြောပွဲ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ ကျင်းပ
May 16,2026
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ တက္ကသိုလ် ဆရာ၊ ဆရာမများ သုတေသနစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးမြင့် အသုံးချသုတေသနများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ သုတေသနလုပ်ထုံး လုပ်နည်းဆိုင်ရာ ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သန်လျင်မြို့ရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။