ပုလော မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ လုပ်ငန်းများဖြစ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုလောမြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ပေးအပ်ပွဲ အခမ်းအနားတွင် ပုလောမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရည်မှန်းချက်များ အကောင်အထည် ဖော်ရာတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအနေဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အမှန်တကယ်ထုတ်လုပ်နိုင်မှု အခြေအနေများကို မျက်ခြေမပြတ်စေရန်နှင့် လျာထားချက်ကို ပြည့်မီစွာ အကောင်ထည်ဖော် ဆောင်ရွက်သွားကြဖို့ ပြောကြားခဲ့ပြီး မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူသန်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက လယ်ယာ ကဏ္ဍ၊ အသား၊ ငါး ထုတ်လုပ်မှု၊ သစ်တော၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ရငွေ၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှပ်နှံမှု စသည့် ကဏ္ဍ အသီးသီးမှ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများကို ဒေသန္တရစီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပုလော( ပြန်/ဆက်)