သတင်းများ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စုပေါင်းစက်ဘီးစီးနင်းပွဲ တက်ရောက်
Aug 10,2025
သြဂုတ်လ(၁၂)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့နံနက် ၆ နာရီခွဲက တိုင်းဒေသကြီး အားကစားကွင်းရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်‌တော်များ၊ စက်ဘီးစီးနင်းကြမည့် လူငယ်/မောင်မယ်များ တက်ရောက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စကာားရည်လုပြိုင်ပွဲ မုံရွာတက္ကသိုလ်တွင်ကျင်းပ
Aug 10,2025
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စကာားရည်လုပြိုင်ပွဲတို့ကို ယနေ့နံနက်ပိုင်းက မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ရာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော် တက်ရောက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်အတွင်းရှိ ဆန်စက်၊ ကြာဇံစက်နှင့် မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုအားပေး
Aug 10,2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက မအူပင်ခရိုင်အတွင်းရှိ ဆန်စက်၊ ကြာဇံစက်နှင့် မွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များတင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထန်းတပင်မြို့နယ်၌ သက်ငယ်မုဒိမ်းပပျောက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Aug 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် သက်ငယ်မုဒိမ်းပပျောက်စေရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာ၊ ဘုရင်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ကျွန်းလှမြို့၌ ‌၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
Aug 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျွန်းလှမြို့ “ ဟိန်း” ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “လှမ်းလာခဲ့ပါ ဟိန်းကျောင်းတော်သာ” သီးချင်းဖြင့်သီဆို ဖွင့်လှစ်သည်။
ဟိုပုံးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူစကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Aug 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဒုံမေးခိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ဒုံမေးခိုး)တွင် ကျင်းပသည်။
ဝတ်မှုန်ဦး ရသဝတ္ထုတိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျင်းပ
Aug 10,2025
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စာရေးဆရာအသင်းနှင့် ညီမင်းအိမ်စာပေတို့ပူးပေါင်းဆောင်ရွက်သည့် ဆရာနေစိုးသော်စာပေ ရွှေရတုအထိမ်းအမှတ် ဝတ်မှုန်ဦး ရသဝတ္ထုတိုပြိုင်ပွဲ ဆုပေးပွဲနှင့်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံစာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၄) ရပ်ကွက်ပုဂံလမ်းရှိ သာသနာ့ဓဇဓမ္မာရုံတွင် ကျင်းပပြုလုပ် ကြောင်းသိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
Aug 10,2025
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။