ကျွန်းလှ ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျွန်းလှမြို့ “ ဟိန်း” ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “လှမ်းလာခဲ့ပါ ဟိန်းကျောင်းတော်သာ” သီးချင်းဖြင့်သီဆို ဖွင့်လှစ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးသန့်ဇင်ထွန်း၊ ခရိုင်ပညာရေးမှူး တာဝန်ခံ ဒေါ်နွယ်နီဝင်းနိုင်နှင့် မြိုနယ်ပညာရေးမှူး ဦးမြင့်လွင်တို့က အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးဝင်းသောင်က တက္ကသိုလ်ဝင်စာမေး ပွဲအာင်ချက်နှင့် ကျောင်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဝိဇ္ဇာဘာသာတွဲတွင် နိုင်ငံတော်အဆင့်ရရှိသူ တစ်ဦး၊ ဝိဇ္ဇာဘာသာတွဲတွင် တိုင်းဒေသကြီး အဆင့်ရရှိသူ နှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ နှစ်ဘာသာ ဂုဏ်ထူရှင် ၅ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၈ ဦးနှင့် နိုင်ငံတော်အဆင့် လူရည်ချွန် ရွေးချယ်ခံရသူ နှစ်ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးကြသည်။
ထို့နောက် ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား လေးဘာသာ ဂုဏ်ထူးရှင် မောင်ဟိန်းမင်းထွဋ်က ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုကပြကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ