သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မန္တလေးမြို့ပေါ်  (၇) မြို့နယ်ရှိ ကျောင်းတိုက် များ၌ ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၄၅၇၃၈) ပါးတို့ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Aug 10,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ မန္တလေးမြို့ပေါ် (၇) မြို့နယ်ရှိ ကျောင်းတိုက်များ၌ ဝါဆို ဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၄၅၇၃၈)ပါးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ကုလားပဲ လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊နန်းတော်ရှေ့ရှိ မဟာအတု လဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် ကျင်းပသည်။
ချောင်းဆုံမြို့နယ်၌ လင်းရောင်ခြည် ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
Aug 10,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် လင်းရောင်ခြည် (ပညာရေး) ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်ပညာရေးမှူး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ လင်းရောင်ခြည် (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်း(ဥက္ကဋ္ဌ)နှင့် အသင်းသူ၊ အသင်းသားများ တက်ရောက်ခဲ့ပြီး သဘာပတိအဖြင့် မြို့နယ်ပညာရေးမှူး ဦးလှဋ္ဌေးက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Aug 10,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် (၃) အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Aug 10,2025
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်း မြို့နယ်၌ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်း လုပ်ငန်းကို ယမန်နေ့က  ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်တွင် မိုးမြေပဲအောင်မြင်ဖြစ်ထွန်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် ဒေသခံတောင်သူများ ကြိုးပမ်းဆောင်ရွက်
Aug 10,2025
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မိုးမြေပဲ စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးတို့အတွက် ဒေသခံတောင်သူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့(အကြို) လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကျင်းပ
Aug 10,2025
၂၀၂၅ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်မည့် ာအပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ လူငယ်များအနေဖြင့်ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်များကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်လျက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၄)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

ကလေးဝမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး
Aug 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် အမှတ်(၂) ရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။