ဟိုပုံး ဩဂုတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဒုံမေးခိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ဒုံမေးခိုး)တွင် ကျင်းပသည်။
ဦးစွာ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာစေရန်၊ လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်၊ ခေါင်းဆောင်မှုအရည်အသွေးတိုးတက်မြှင့်မားလာစေရန်၊ လူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုတိုးပွားလာစေရန်နှင့် လူငယ်များ ဉာဏစွမ်းရည်မြှင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက Moderator အဖြစ်ဆောင်ရွက်ခဲ့ပြီး ပါဝင်ဆွေးနွေးပြောကြသူများဖြစ်ကြသော ဒုံမေးခိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ဒုံမေးခိုး)မှ Grade-11 ခွန်ရင်လူ၊ Grade-11 နန်းအေးမွန်၊ Grade-11 မမေဂျူးခင်၊ Grade-8 နန်းညိုချစ်၊ Grade-7 ခွန်ဇေယျာဦးတို့က “လူငယ်နှင့် ပညာရေးအရေးကြီးသော အခန်းကဏ္ဍ, လူငယ်နှင့်စာဖတ်ခြင်း, လူငယ်နှင့်ပညာရေး, ပပပသုံးလုံးအရေးကြီးပုံ, ကျောင်းသား၏ ရည်မှန်းချက် “ခေါင်းစဥ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်လင်းလင်းစန်းက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)