ဒေးဒရဲမြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် (ပထမပတ်) အခမ်းအနားကျင်းပ
Aug 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မွေးကင်းစမှ အသက်(၅)နှစ်အောက်ကလေးများ အာဟာရပြည့်ဝစေရေး၊ ကျန်းမာသန်စွမ်းစေရေး နှင့် အာဟာရဖွံ့ဖြိုးစေရေး ရည်ရွယ်၍ အာဟာရဖွံဖြိုးရေးရက်သတ္တပတ် (ပထမပတ်)လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။