သတင်းများ

မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 05,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက မင်းလှ အခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့တွင် ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းဖွင့်ပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Aug 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင် သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအား ယမန်နေ့နံနက်ပိုင်းက ယမုံနာဦးဟိုတယ်၊ Ball Room ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သူဦး၊ အလုပ်သမားညွှန်ကြားမှူးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသိန်း၊ အမှတ်(၇)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ငွေဆောင်ဟိုတယ်ဇုန်ဥက္ကဋ္ဌနှင့်ဟိုတယ်မန်နေဂျာများ၊ သင်တန်း ဆရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်  ရေတံခါးပေါက်များအား ကြည့်ရှုစစ်ဆေး
Aug 05,2025
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ လယ်/ယာမြေများ၊ မြို့ပြ/ကျေးရွာများနှင့် အိုးအိမ်များ ရေကြီးနှစ်မြှပ်မှုမှကာကွယ်နိုင်ရန် လယ်/ယာမြေများ ချင်းတွင်းမြစ်ရေတတ်ချိန်တွင် ရေသွင်းစိုက်ပျိုးနိုင်ရန်နှင့် ဒေသအတွင်း ရွာသွန်းသောမိုးရေနှင့် ချောင်းရေများအား ရေထုတ်တံခါးများမှတဆင့် ထုတ်ပြစ်ခြင်းဖြင့် ချင်းတွင်းမြစ်ရေဘေးမှ ကာကွယ်ပေးရုံသာမက အနိမ့်ပိုင်းကျပြီး မိုးရေကြောင့် မစိုက်ပျိုးနိုင်သော လယ်/ယာမြေ အချို့ပါ စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ကျိုင်းတုံတက္ကသိုလ်၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
Aug 05,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ကျိုင်းတုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းကျင်းသည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့က ကျိုင်းတုံတက္ကသိုလ်၊ ခေမရဋ္ဌ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင်နှင့် အရိပ်ရသစ်ပင်များစိုက်ပျိုး
Aug 05,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်အတွက် ပန်းအလှပင်နှင့်အရိပ်ရသစ်ပင်များစိုက်ပျိုးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
မိုးနဲမြို့နယ် အမှတ်(၁၇) နားလင့်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပ
Aug 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁၇)နားလင့်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီအချိန်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြိုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 05,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Aug 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေးနှင့် စာပေဖတ်ရှု့မှုတိုးပွားလာစေရေးတို့ကိုရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နှင့်လူမှုရေးစာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။