သတင်းများ

မုဒုံမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Aug 07,2025
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးပေးခြင်းကို သြဂုတ် ၅ ရက်နေ့ နံနက်ပိုင်းက ကင်းချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံး၌ ဆောင်ရွက်ပေးခဲ့သည်။
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Aug 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသည့်အသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း‌ဒေသကြီး၊ ရေနံ‌ချောင်းမြို့နယ်၌ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်
Aug 07,2025
မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ ရေနံချောင်းမြို့၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်က‌ ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦး အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ် ယန်းလူး အ.ထ.ကကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲကျင်းပ
Aug 07,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ယန်းလူး အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ  စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေး စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ဩဂုတ် ၇ ရက်ကကျင်းပကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 07,2025
သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက အ.မ.က(ကန်နှစ်ဆင့်)ကျောင်းတွင် ဩဂုတ် ၅ ရက်နေ့ နံနက် ၉ နာရီက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Aug 07,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီက အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၊ အမှတ် (၂၀၁) အခြေခံပညာမူလတန်းကျောင်း၊ အ.မ.က(ငွေဆောင်)၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Aug 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာ မူလတန်းကျောင်း၊ အ.မ.က(ငွေဆောင်)စာသင်ကျောင်း၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများ မိဘဆရာအသင်း အမှုဆောင်အဖွဲ့များနှင့် ကျောင်းသားမိဘများ စုပေါင်း၍ ယနေ့နံနက် ပိုင်းက သံဃာတော်( ၃) ပါးအား  ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။