သတင်းများ

ကျိုက်မရော၌ ခဝဲသီးစီးပွားဖြစ် စိုက်ပျိုးသူများစျေးကောင်းရ၍ အဆင်ပြေ
Aug 12,2025
ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်ရာ မိုးရာသီခဝဲသီးများကို တစ်နိုင်တစ်ပိုင် စိုက် ပျိုးကြပြီး ယခုချိန်၌ ခဝဲသီးစျေးလည်းကောင်းသဖြင့် မိသားစုအဆင်ပြေလျက်ရှိနေကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး၌ အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မကွေးတိုင်းဒေသကြီး လူမှု၀န်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
လဲချားမြို့နယ် နားမန်းကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ မကျန်ရှိစေရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
Aug 12,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် နားမန်းကျေးရွာအုပ်စုသို့ ၁၁.၈.၂၀၂၅ ရက်နေ့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ မကျန်ရှိစေရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
မိုင်းပျဉ်းမြို့၌ ဘုန်းတော်ကြီးသင်ပညာ‌ရေး ကျောင်းသား၊‌ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID (Biometric)  ဆောင်ရွက်‌ပေး
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID(Biometric) ဆောင်ရွက်‌ပေးခြင်းကို ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတွင် ပြုလုပ်ပေးကြောင်း သိရသည်။
မိုင်းပျဉ်း အ.ထ.က၌ စာကြည့်တိုက်အသုံးပြု၍ ပုံ‌ပြင်‌ပြောပြိုင်ပွဲ ကျင်းပ
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်အသုံးပြု၍ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းပျဉ်းမြို့ ဌာနပေါင်းစုံ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ဌာနပေါင်းစုံဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၆)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မုဒုံမြို့၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်
Aug 12,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.လ.က(သင်္ဘောဦး)စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်တွင် မိုးစပါးဧက ၂၀၂၅၂ ဧက စိုက်ပျိုးပြီးစီး
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးစပါးဧက ၄၀၉၈၈ ဧကလျာထား၍ ၂၀၂၅၂ ဧက၊ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကာ SRI စိုက်ဧက၊ မျိုးစေ့ထုတ်ကွက်စိုက်ဧကနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းများလည်းပြည့်မီအောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။