လဲချား သြဂုတ် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် နားမန်းကျေးရွာအုပ်စုသို့ ၁၁.၈.၂၀၂၅ ရက်နေ့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ မကျန်ရှိစေရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများသည် နားမန်းကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ မကျန်ရှိစေရေးနှင့် အိမ်ထောင်စုမရှိသူများ မကျန်ရှိစေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)