မင်းဘူး ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးစပါးဧက ၄၀၉၈၈ ဧကလျာထား၍ ၂၀၂၅၂ ဧက၊ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကာ SRI စိုက်ဧက၊ မျိုးစေ့ထုတ်ကွက်စိုက်ဧကနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းများလည်းပြည့်မီအောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးစပါးစိုက်ပျိုးကြသည့် တောင်သူများအား စပါးအထွက်နှုန်းတိုးတက်စေရန်အတွက် ဇူလိုင်လ (၃၀) ရက်နေ့က ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းကို မင်းဘူး(စကု)မြို့နယ် သိမ်ကုန်းစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဖွင့်လှစ်ပေးခဲ့ကြောင်း မင်းဘူးမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးလင်းက ပြောသည်။
သင်တန်းတွင် မိုးစပါးစိုက်ပျိုးကြသည့် တောင်သူ ၁၀၀ ဦးခန့်အား AI အကြောင်း သိကောင်းစရာများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် deep seek AI နည်းပညာ အသုံးပြုရခြင်းများ၊ မျိုးစေ့သုတေသနနှင့် အပင်မျိုးသစ်များမွေးထုတ်ခြင်း အကြောင်းအရာများ၊ ဓာတ်မြေဩဇာ အချိုးကျအချိန်ကိုက်သုံးစွဲစေရေးနှင့် သဘာဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာ၊ ပိုက်ဆံလျှော် ထည်သွင်းစိုက်ပျိုးခြင်းများ၊ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ စပါးသီးနှံကို ဆောင်ရွက်ရမည့် ရိတ်သိမ်းချိန်လွန်လုပ်ငန်းအဆင့်ဆင့်များ၊ စပါးစိုက်ပျိုးနည်းစနစ်အလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အရေးကြီးသည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)