မိုင်းပျဉ်း အ.ထ.က၌ စာကြည့်တိုက်အသုံးပြု၍ ပုံ‌ပြင်‌ပြောပြိုင်ပွဲ ကျင်းပ

မိုင်းပျဉ်း ဩဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်အသုံးပြု၍ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဆရာမဒေါ်နန်းဆိုင်လောဝ်က ပြိုင်ပွဲစည်းကမ်းများကို ဖတ်ကြားပြီး၊ ပြိုင်ပွဲများကိုကျင်းပရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်  ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ဆုရရှိသူများကို ကျောင်းအုပ်ဆရာမကြီး၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အထက်တန်းပြဆရာမတို့က ဆုများချီးမြှင့်‌ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ အထကကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်ဆက်)