သတင်းများ

ကျိုက်လတ်မြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ   ဆုချီးမြှင့်
Aug 12,2025
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန ရတနာပုံတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဩဂုတ် ၁၁ ရက် မွန်းလွဲ ၃ နာရီက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်းတွင် ကျင်းပရာ အားကစားပညာအသင်းက တံခွန်စိုက်ဆုဆွတ်ခူးနိုင်ခဲ့သည်။
ဝေါမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အထိမ်းအမှတ် ဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Aug 12,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အထိမ်းအမှတ် ဥာဏစွမ်းရည်ပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်း(ဝေါ)ရှိ သီရိဇေယျာခန်းမတွင် ဩဂုတ် ၁၁ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှတ်(၂၇)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တစုမှူးဒုရဲမှူးအောင်ဇော်ထွန်းဦးစီးအဖွဲ့သည် ဒဂုံ(ဆိပ်ကမ်း) မြို့နယ် အမှတ်(၂) ပဲခူးမြစ်ကူးတံတား(ကုလားဝဲ)အနီး ပဲခူးမြစ်လမ်းမကြီးနှင့်ရတနာလမ်းမကြီးတို့တွင် ယမန်နေ့နံနက်ပိုင်းက ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းနောင်မြို့တွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်(အေ)နှင့် သန်ချဆေးတိုက်ကျွေးခြင်း ဆောင်ရွက်
Aug 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်(အေ)နှင့် သန်ချဆေးတိုက်ကျွေးခြင်းများကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအ‌ကြောင်း အသိပညာပေး ဟောပြော
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကားပြောကြားခဲ့သည်။
မိုင်းယုမြို့၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှု သတင်းပတ်ပူးပေါင်းဆောင်ရွက်
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုသတင်းပတ်ဆောင်ရွက်မှုကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
မိုင်းယုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ကွင်းဆင်းအသိပညာပေးဟောပြော
Aug 12,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကျောင်းစာအပြင် အခြားပြင်ပဗဟုသုတစာပေများကိုပါ လေ့လာဖတ်ရှုကြစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ညနေပိုင်းက ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ကွင်းဆင်းအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြသည်။