မိုင်းပျဉ်း ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID(Biometric) ဆောင်ရွက်ပေးခြင်းကို ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတွင် ပြုလုပ်ပေးကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူ (၂၃)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID(Biometric)ကောက်ယူ၍ UID ထုတ်ပေးခြင်းကို၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်နှင့် ဝန်ထမ်းများလိုက်ပါ၍ (၁၁-၈-၂၀၂၅)ရက်နေ့က သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)