မိုင်းပျဉ်းမြို့ ဌာနပေါင်းစုံ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မိုင်းပျဉ်း ဩဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ဌာနပေါင်းစုံဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၆)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ဆက်လက်၍ မြို့နယ်ဆရာ‌တော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ပရိတ်တရားတော်များနာယူကြပြီး ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဆရာတော်မှ ရေစက်ချအနုမောဒနာတရားနာယူကြ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတု(၃)ကြိမ်ရွတ်ဆို‌ဆုတောင်းပြီး ရုတ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား ဆွမ်း၊ ခဲဖွယ်၊ အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ပြည်သူလတ်နှင့် တပ်နယ်မှအရာရှိကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်ဆက်)