မုဒုံမြို့၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်

မုဒုံ သြဂုတ် ၁၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.လ.က(သင်္ဘောဦး)စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/သူများက တေးသီချင်းသီဆို၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှ သွားဆရာဝန်ဒေါက်တာလမင်းထက်က ကျောင်းအခြေပြုကျန်းမာမှုအသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း(အမှိုက်ကင်းစင်ကျောင်း၊ သန့်ရှင်းသောယင်လုံအိမ်သာသုံးစွဲရေး)၊ ကျောင်းအခြေပြုရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေး၊ အစားအစာမျာအန္တရာယ်ကင်းဝေးရေးနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နှစ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးအကြောင်းအရာများကို  ရှင်း လင်းပြောကြားသည်။  

ထို့နောက် လက်ဆေးနည်းအဆင့်ဆင့်၊ နည်းစနစ်မှန်သွားတိုက်ခြင်းသရုပ်ပြခြင်း၊ အာဟာရအုပ်စု()စုပါဝင်သော အစားအစာများအကြောင်းကို မေးခွန်း အမေး/အဖြေများဖြင့် ကျန်းမာရေးဝန်ထမ်းများကပြုလုပ်ပေးခဲ့ပြီး ဆုရကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်သည်။ ယင်းနောက် ကျောင်းသား/သူများကိုကျန်းမာရေးစစ်ဆေး၍ လိုအပ်သည့်ဆေးဝါးများ  အခမဲ့ပေးအပ်ကာ အာဟာရများကျွေးမွေးကြောင်းသိရသည်။

ရာမည(ပြန်/ဆက်)