သတင်းများ

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်/ Fitness Dance ပြိုင်ပွဲ လွိုင်ကော်တွင် ကျင်းပ
Aug 12,2025
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အဆင့်မြင့်ပညာ/ အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်/ Fitness Dance ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၀ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားရုံအမှတ် (၃) ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
ကိုကိုးကျွန်းမြို့နယ် မူလတန်းကြိုကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကိုကိုးကျွန်းမူလတန်းကြိုကျောင်းတွင် ရင်သွေးငယ်လေးများ၏မိဘများအား ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ကလေးမြို့၌ အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ချက်ပြုတ်နိုင်မှုစွမ်းရည်ပြိုင်ပွဲကို ဆုချီးမြှင့်ပွဲကျင်းပ
Aug 12,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကလေးခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ချက်ပြုတ်နိုင်မှုစွမ်းရည်ပြိုင်ပွဲ  ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက၊ ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သံဃာ့ဒါနအာရုဏ်ဆွမ်းပတ် စုပေါင်းလောင်းလှူပူဇော်
Aug 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိကသံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယမန်နေ့ ၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၃) ရက်နေ့နံနက် ၄ နာရီအချိန်မှစတင်၍ မြို့နယ်‌မီးသတ်ဦးစီးဌာနမှ အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြကြောင်း သိရသည်။
ပုလောမြို့ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Aug 12,2025
တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်  ပုလောမြို့၌  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်သည်။
ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး 
Aug 12,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ဩဂုတ် ၁၁ ရက် မွန်းလွဲ၂နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ကန့်ဘလူ၌ မူလတန်းကြိုနေ့ ကလေးထိန်းကျောင်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Aug 12,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ဖွင့်လှစ်ထားရှိသည့် အစိုးရ/ပုဂ္ဂလိက မူလတန်းကြိုနေ့ကလေးထိန်းကျောင်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲပြုလုပ် ကျင်းပ
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဩဂုတ်လ ၁၀ ရက်နေ့ ညနေ(၄)နာရီအချိန်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။