မိုင်းနောင်မြို့တွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်(အေ)နှင့် သန်ချဆေးတိုက်ကျွေးခြင်း ဆောင်ရွက်

မိုင်းနောင် သြဂုတ် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်(အေ)နှင့် သန်ချဆေးတိုက်ကျွေးခြင်းများကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် KGတန်းမှ (Grade-5)ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အလေးချိန်ချိန်ခြင်း၊ အရပ်ပေတိုင်းခြင်း၊ လက်မောင်းပတ်တိုင်းတာခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ကာ ဗီတာမင်(အေ)မျက်စိအားတိုးဆေးနှင့် သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် မိုင်းနောင်တိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာဝေယံစိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမများကကျောင်းကျန်းမာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက ကြည့်ရှုအားပေးကာ လိုအပ်သည်များ အားဖြည့်ကူညီပေးကြောင်း သိရသည်။

မနန်း(မိုင်းနောင်)