ဝေါ ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အထိမ်းအမှတ် ဥာဏစွမ်းရည်ပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်း(ဝေါ)ရှိ သီရိဇေယျာခန်းမတွင် ဩဂုတ် ၁၁ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အထိမ်းအမှတ် ပြိုင်ပွဲများကိုကျင်းပရာတွင် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ကြရာ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင်(၂၄)ဦး၊ အလယ်တန်းအဆင့်တွင်(၂၄)ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့်(၂၄)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင်(၂၄)ဦး၊ ပန်းချီပြိုင်ပွဲတွင် အလယ်တန်းအဆင့်(၂၄)ဦး၊ ကဗျာရွက်ဆိုပြိုင်ပွဲတွင်မူလတန်းအဆင့်(၂၄)ဦးနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် မူလတန်းအဆင့်(၂၄)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၁၆၈)ဦး ပါဝင်ယှဥ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသီဟထွန်းနှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးကာ ဒိုင်ချုပ်များနှင့်ဒိုင်များအဖြစ် ပညာရေးဌာနမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တာဝန်ယူဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)