ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်

ဒဂုံ(ဆိပ်ကမ်း) ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှတ်(၂၇)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တစုမှူးဒုရဲမှူးအောင်ဇော်ထွန်းဦးစီးအဖွဲ့သည် ဒဂုံ(ဆိပ်ကမ်း) မြို့နယ် အမှတ်(၂) ပဲခူးမြစ်ကူးတံတား(ကုလားဝဲ)အနီး ပဲခူးမြစ်လမ်းမကြီးနှင့်ရတနာလမ်းမကြီးတို့တွင် ယမန်နေ့နံနက်ပိုင်းက ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်မောင်းများအား ယာဉ်မောင်းနေစဉ် အရက်သေစာသောက်စားခြင်းမပြုရန်၊ ခါးပတ်ပတ်ရန်နှင့် ဘေးမှထိုင်လိုက်သည့်ခရီးသည်လည်း ခါးပတ်ပတ်စေရန် ပညာပေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ဖြိုးစန္ဒာ(ပြန်/ဆက်)