မိုင်းယုမြို့၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှု သတင်းပတ်ပူးပေါင်းဆောင်ရွက်

မိုင်းယု ဩဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုသတင်းပတ်ဆောင်ရွက်မှုကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမိုးက ကျောင်းကျန်းမာရေးသတင်းပတ်လှုပ်ရှားမှုနှင့်ပတ်သက်၍ပြောကြားပြီး ကျန်းမာရေးသူနာပြုဆရာမ ဒေါ်မောနီကာက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းကို ဆွေးနွေးပြောကြားခဲ့ကာ ကျောင်းရှိ ရေစည်၊ ရေအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခြင်ပိုးလောက်လန်းမရှိစေရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆရာ၊ ဆရာမများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မိုင်းယုနယ်မြေ မြို့မရဲစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မိုင်းယု ပြန်/ဆက်