ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နေပြည်တော် စာပေဝိုင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Aug 17,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ နေပြည်တော်စာပေဝိုင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာအောင်ကျော်ဦး ရေးသားသည့် “ဓမ္မိယလဒ္ဓ”ဆောင်းပါးနှင့် ဒေါက်တာမြတ်မိုး ရေးသားသည့် “အကြောင်းကောင်းခြင်းမှသည် အကျိုးကောင်းခြင်းအရည်အသွေးတစ်ခု” ဆောင်းပါးများဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။ ဆွေးနွေးပွဲသို့ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက အမေတင်ရီမ(ညောင်ဦး)၊ စာရေးဆရာ ဒေါက်တာအောင်ကျော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းအဖွဲ့ဝင်များ နှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။