လားရှိုးမြို့တွင် သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း

လားရှိုး မေ ၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ လားရှိုးမြို့နယ် ရပ်ကွက် ၁ ရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများသို့ စုစုပေါင်းသောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့သွား‌ရောက်လှူဒါန်းရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ရပ်ကွက် ၁ နယ်မြေ ၉ ရှိ သောက်သုံးရေ လိုအပ်လျက်ရှိသည့် စုစုပေါင်းလူဦးရေ ၂၀၀ ဦးတို့အတွက် သောက်သုံးရေ စုစုပေါင်း ၁၈၀၀ ဂါလံအား သောက်သုံးရေ လိုအပ်လျက်ရှိသည့် ပြည်သူများ အဆင်ပြေစေရေးအတွက် သွားရောက်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)